“ဝီလီယံ ကို ခေါ်ယူဖို့ စီစဉ်နေတဲ့ အဲဗာတန်အသင်း”

20 Jan

အဲဗာတန်အသင်းက အသင်းလက်မဲ့ဖြစ်နေတဲ့ ဝါရင့်တောင်ပံကစားသမား ဝီလီယံ ကို ခေါ်ယူရန် စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တောင်ပံကစားသမား ဝီလီယံ က ကစားသမားဘဝတစ် လျှောက်မှာ ချဲလ်ဆီး၊ ဖူလ်ဟမ်၊ အိုလံပီယာကို့စ်စတဲ့ အသင်းများအပြင် အခြားကလပ်အသင်း များစွာမှာလည်း ကစားခဲ့ပြီး အတွေ့အကြုံရှိတဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် အဲဗာတန်အသင်းက ခေါ်ယူရန် စီစဉ်လာ ခြင်းဖြစ်ပါတယ်။ တောင်ပံကစားသမား ဝီလီယံကိုယ်တိုင်ကလည်း အဲဗာတန်အသင်း၏ ကမ်းလှမ်းမှုကို လက်ခံပြီး ပရီးမီးယားလိဂ်သို့ တစ်ကျော့ပြန်လာရောက် ကစားသွားဖွယ်ရှိနေပါတယ်။ (NVS 008)

20 Jan

ADVERTISE HERE .