“ဟာလန်း ရဲ့စာချုပ်သစ်က မန်စီးတီးအသင်းအပေါ် ယုံကြည်မှုကို သက်သေပြခြင်းဖြစ်တယ်လို့ဆိုတဲ့ ဂွါဒီယိုလာ”

20 Jan

မန်စီးတီးအသင်းဟာ တိုက်စစ်မှူး ဟာလန်း ကို ကာလရှည်စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ခြင်းက မန်စီးတီးအသင်း အပေါ် ဟာလန်း ၏ယုံကြည်မှုကို သက်သေပြနိုင်ခဲ့တာ ဖြစ်တယ်လို့ နည်းပြ ဂွါဒီယိုလာ က ပြောကြားလိုက်ပါတယ်။ မန်စီးတီးအသင်းဟာ နော်ဝေတိုက်စစ်မှူး ဟာလန်း ကို ၂၀၃၄ ခုနှစ်အထိ သက်တမ်းရှိတဲ့ ၉ နှစ်ခွဲ စာချုပ်သစ်ကို ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် ဘဏ္ဍာရေး စည်းကမ်း ချိုးဖောက်မှု ၁၁၅ ချက်နဲ့ စွဲချက်တင်ခံထားရပြီး အပြစ်ရှိခဲ့မယ်ဆိုပါက အမှတ်လျှော့ပြစ်ဒဏ်အပြင် တန်းဆင်းရတဲ့ အထိ ရှိလာနိုင်တာ ဖြစ်ပါတယ်။ အခုလိုကာလရှည်စာချုပ်မျိုးချုပ်ဆိုခြင်းဟာ ဟာလန်းအနေနဲ့ အသင်းကို ယုံကြည်မှုဘယ်လောက်ရှိလဲဆိုတာ ပြသလိုက်တာ ဖြစ်တယ်လို့ ဂွါဒီယိုလာ က ပြောကြားသွားခဲ့ပါတယ်။ ၂၀၂၂ မှာ ဒေါ့မွန်အသင်းကနေ မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူး ဟာလန်း ဟာ မန်စီးတီး အတွက် ၁၂၆ ပွဲမှာ ၁၁၁ ဂိုးအထိသွင်းယူ နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဩဂုတ်လက ချဲလ်ဆီးအသင်းနဲ့ ပါးလ်မာ တို့ ချုပ်ဆိုခဲ့တဲ့ ၉ နှစ်သက်တမ်းစာချုပ်ကို ကျော်ဖြတ်ပြီး ဟာလန်း ရဲ့စာချုပ်သစ်က ပရီးမီးယားလိဂ်ရဲ့ သက်တမ်း အများဆုံး စာချုပ်ဖြစ်လာခဲ့ပါတယ်။ မန်စီးတီးအသင်းနဲ့အတူ နောက်ထပ်နှစ်များစွာ ဖြတ်သန်းခွင့်ရတော့မှာ ဖြစ်လို့ ပျော်ရွှင်မိပါတယ်လို့ စာချုပ်သစ်ချုပ်ဆိုအပြီးမှာ ဟာလန်း က ပြောကြားသွားခဲ့ပါတယ်။ (NVS 008)

20 Jan

ADVERTISE HERE .