ဗလာဟိုဗစ် ကိုရောင်းချရန်စီစဉ်နေတဲ့ ဂျူဗင်တပ်အသင်း
18 Jan
ဂျူဗင်တပ်အသင်းက စာချုပ်သစ်ချုပ်ဆိုရန် အဆင်မပြေဖြစ်နေတဲ့ တိုက်စစ်မှူး ဗလာဟိုဗစ် အတွက် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားသွားမယ်လို့ သတင်းများက ဖော်ပြခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဗလာဟိုဗစ် ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ဖီအိုရင်တီးနားအသင်းမှ ဂျူဗင်တပ်အသင်းသို့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၂၀၂၆ ခုနှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းဘက်က စာချုပ်သက်တမ်းတိုးရန် စီစဉ်ခဲ့ပေမယ့် အဆင်မပြေဖြစ်နေ တာကြောင့် လက်ရှိဇန်နဝါရီ ဒါမှမဟုတ် လာမည့်နွေရာသီတွင် ရောင်းထုတ်ရန်စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျူဗင်တပ်အသင်းအနေနဲ့ လက်ရှိဇန်နဝါရီတွင် ဗလာဟိုဗစ် အတွက် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားသွားမှာဖြစ်ပြီး ၎င်းရဲ့နေရာမှာ ပီအက်စ်ဂျီတိုက်စစ်မှူး မူအာနီ နဲ့ မန်ယူအသင်း တိုက်စစ်မှူး ဇက်ဇီ တို့ကို ပစ်မှတ်ထားနေကြောင်း သိရပါတယ်။(NVS 008)
18 Jan