ချာလိုဘတ် ကို ပြန်လည်ခေါ်ယူခဲ့တဲ့ ချဲလ်ဆီးအသင်း

18 Jan

ချဲလ်ဆီးအသင်းက ပြီးခဲ့တဲ့နွေရာသီမှာ ခရစ္စတယ်ပဲလေ့စ်အသင်းထံသို့ အငှားဖြင့်စေလွှတ်ထားတဲ့ ခံစစ်ကစားသမား ချာလိုဘတ် ကို အသင်းထံပြန်လည်ခေါ်ယူခဲ့ကြောင်း သိရပါတယ်။ ချဲလ်ဆီးအသင်းက ချာလိုဘတ် ကို တစ်ရာသီအငှားစာချုပ်နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းထံ စေလွှတ်ထားခဲ့တာဖြစ်ပြီး စာချုပ်ပါအချက်အလက်များအရ အသင်းမှပြန်လည်ခေါ်ယူလိုပါက ချက်ချင်း ပြန်လည်ခေါ်ယူနိုင်တဲ့အချက်ကို ထည့်သွင်းချုပ်ဆိုထားခဲ့တဲ့အတွက် လက်ရှိဇန်နဝါရီအပြောင်းအရွှေ့မှာ ပြန်လည်ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ ရာသီအစောပိုင်းမှာ ရလဒ်ပိုင်းကောင်းမွန်ခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ အသင်းခံစစ်ပိုင်းတွင် သိသိသာသာလိုအပ်ချက်များကြောင့် ရုန်းကန်နေခဲ့ရလို့ ချာလိုဘတ် ကို ပြန်လည် ခေါ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။(NVS 008)

18 Jan

ADVERTISE HERE .