ဘက်ဆစ်တပ်အသင်းကို ကိုင်တွယ်ပြီး နည်းပြဘဝသို့ပြန်လည်ဝင်ရောက်မည့် ဆိုးရှား

18 Jan

မန်ယူအသင်းကို တာဝန်ယူပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ဆိုးရှား အနေနဲ့ တူရကီကလပ် ဘက်ဆစ်တပ်အသင်းကို ကိုင်တွယ်ပြီး နည်းပြဘဝသို့ ပြန်လည်ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိမှာ နည်းပြလက်မဲ့ဖြစ်နေတဲ့ ဘက်ဆစ်တပ်အသင်းက ဆိုးရှား ကို နည်းပြအဖြစ် ခန့်အပ်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းနေပြီး ဆိုးရှား နဲ့ သဘောတူညီမှုရရှိပါက နည်းပြသစ်ခန့်အပ်ရန် ဘက်ဆစ်တပ်အသင်းက စောင့်ဆိုင်းလျက်ရှိနေပါတယ်။ ဘက်ဆစ်တပ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ရလဒ်ပိုင်းတည်ငြိမ်မှုမရှိခဲ့လို့ နည်းပြ ဂျီအိုဗန်နီ နဲ့ လမ်းခွဲခဲ့ပြီး ယာယီနည်းပြအဖြစ် တော့ပရာတီပီ ကို ခန့်အပ်ခဲ့ပေမယ့် ရလဒ်ပိုင်းတိုးတက်မှုမရှိတာကြောင့် ဆိုးရှား ကိုသာ နည်းပြအဖြစ်ခန့်အပ်သွားမယ်လို့ သိရပါတယ်။(NVS 008)

18 Jan

ADVERTISE HERE .