တွမ်ကန်နွန် ကို ပြန်လည်ခေါ်ယူခဲ့တဲ့ လက်စတာအသင်း
17 Jan
လက်စတာစီးတီးအသင်းက စတုတ်စီးတီးအသင်းသို့ အငှားချထားတဲ့ အသင်းတိုက်စစ်ကစားသမား တွမ်ကန်နွန် ကို ပြန်လည်ခေါ်ယူလိုက်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် တိုက်စစ်ကစားသမား တွမ်ကန်နွန် အနေနဲ့ ယခုနှစ်ဘောလုံးရာသီတွင် စတုတ်စီးတီးအသင်းသို့ အငှားသွားရောက်ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၂၅ ပွဲမှာ ၁၁ ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့လို့ လက်စတာအသင်းက ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ လက်စတာစီးတီးအသင်းဟာ ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ပွဲပေါင်း ၂၀ ကစားပြီးနောက် ရမှတ် ၁၄ မှတ်သာရရှိပြီး အဆင့်(၁၉)နေရာတွင် ရပ်တည်နေကာ ရလဒ်များ အလွန်ဆိုးရွားလျက် ရှိနေပါတယ်။ တွမ်ကန်နွန် အနေနဲ့ အသင်းအား ပြန်လည်ကူညီပံ့ပိုးနိုင်လိမ့်မယ်လို့ ယုံကြည်မှုနဲ့ အငှားချထားရာမှ အသင်းသို့ ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)
17 Jan