တိုက်စစ်ကစားသမား ဂျွန်ဒူရမ် အက်စတန်ဗီလာအသင်း၌သာ ဆက်ရှိနေမယ်

17 Jan

အက်စတန်ဗီလာအသင်းရဲ့ တိုက်စစ်ကစားသမား ဂျွန်ဒူရမ် အနေနဲ့ အသင်းမှထွက်ခွာမှာမဟုတ်ဘဲ အသင်း၌သာ ဆက်ရှိနေမှာဖြစ်ပြီး အသင်းမှထွက်ခွာမည့်သတင်းများမှာ ကောလာဟလများသာဖြစ်ကြောင်း အက်စတန်ဗီလာအသင်းက အတည်ပြုထုတ်ပြန်ထားခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် တိုက်စစ်ကစားသမား ကို ဝက်စ်ဟမ်းအသင်းက ခေါ်ယူရန်ကမ်းလှမ်းခဲ့ သော်လည်း အက်စတန်ဗီလာအသင်းဘက်က ပယ်ချခဲ့ပါတယ်။ ဂျွန်ဒူရမ် အနေနဲ့ အက်စတန်ဗီလာအသင်းနဲ့ အတူ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၇၅ ပွဲကစားပြီး သွင်းဂိုး ၂၀ အထိ သွင်းယူကာ ခြေစွမ်းပြထားနိုင်ခဲ့တာဖြစ်ပါတယ်။ အက်စတန်ဗီလာအသင်းက ထုတ်ပြန်ချက်တွင် ဂျွန်ဒူရမ် အနေနဲ့ အသင်းမှာဆက်ရှိသွားမှာ ဖြစ်ကြောင်းနဲ့ သူဟာအသင်းအတွက် ကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး ၎င်းကိုယ်တိုင်ကလည်း အသင်းမှာ ပျော်ရွှင်နေကြောင်း ထုတ်ပြန်ထားရှိပါတယ်။(NVS 008)

17 Jan

ADVERTISE HERE .