ဂိုးသမား ဇီယွန်ဆူဇူကီး ရဲ့ ပြောင်းရွှေ့ကြေးကို စတာလင်ပေါင်း သန်း ၄၀ သတ်မှတ်ခဲ့တဲ့ ပါးမားအသင်း

17 Jan

စီးရီးအေကလပ် ပါးမားအသင်းက အသင်းဂိုးသမား ဇီယွန်ဆူဇူကီး ရဲ့ ပြောင်းရွှေ့ကြေးကို စတာလင် ပေါင် သန်း ၄၀ အဖြစ် သတ်မှတ်လိုက်ကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဂိုးသမားကို လက်ရှိအချိန်တွင် မန်ယူအသင်းက ခေါ်ယူရန်စိတ်ဝင်စားလျက် ရှိနေတာဖြစ်ပါတယ်။ ဂိုးသမား ဇီယွန်ဆူဇူကီး ဟာ ပါးမားအသင်းနဲ့အတူ ယခုနှစ်ဘောလုံးရာသီမှာ စီးရီးအေ ပွဲစဉ် ၁၈ ပွဲကစားပြီး လက်စွမ်းပြထားခဲ့တာဖြစ်ပါတယ်။ ပါးမားအသင်းကလည်း ဇီယွန်ဆူဇူကီး အတွက် ၎င်းတို့ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးအတိုင်း ပေးချေမည့် မည်သည့်အသင်းကိုမဆို ရောင်းချသွားမှာဖြစ်ပါတယ်။(NVS 008)

17 Jan

ADVERTISE HERE .