“မာလ်ဒီနီ ရဲ့ စီးရီးအေသွင်းဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ သီယိုဟာနန်ဒက်ဇ်

17 Jan

အေစီမီလန်နောက်ခံကစားသမား သီယိုဟာနန်ဒက်ဇ် က အသင်းဂန္ထဝင်နောက်ခံကစားသမား မာလ်ဒီနီ ရဲ့ စီးရီးအေဂိုးသွင်းစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်က ကစားခဲ့တဲ့ စီးရီးအေပွဲစဉ် ကိုမိုအသင်းနှင့် အေစီမီလန်အသင်းတို့ပွဲစဉ်မှာ သီယိုဟာနန်ဒက်ဇ် က အေစီမီလန်အသင်းအတွက် ချေပဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ အဆိုပါသွင်းဂိုးမှာ သီယိုဟာနန်ဒက်ဇ် အတွက် စီးရီးအေသွင်းဂိုး ၃၀ မြောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အသင်းဂန္ထဝင် မာလ်ဒီနီ ရဲ့ စီးရီးအေသွင်းဂိုး ၂၉ ဂိုး အရေအတွက်ကို ကျော်လွန်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် သီယိုဟာနန်ဒက်ဇ် က အေစီမီလန်အသင်းအတွက် စီးရီးအေတွင် ဂိုးအများဆုံးသွင်းယူနိုင်သည့် နောက်ခံလူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး အဆိုပါမှတ်တမ်းအတွက် အလွန်ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)

17 Jan

ADVERTISE HERE .