“ဆာလတ် ကို ပေါင် ၆၅ သန်းအထိပေးကာ ခေါ်ယူမယ့် ဆော်ဒီကလပ်အယ်လ်ဟီလယ်အသင်း”
17 Jan
ဆော်ဒီအာရေဗျထိပ်သီးကလပ် အယ်လ်ဟီလယ်အသင်းဟာ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလတ် ကို ခေါ်ယူနိုင်ရေးအတွက် မြင့်မားတဲ့လုပ်ခလစာနဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဆာလတ် ဟာ ဒီရာသီအကုန်မှာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်ထိတော့ စာချုပ်သစ်အတွက် ညှိနှိုင်းမှုတွေ အဆင်မပြေသေးပါဘူး။ ဒါကြောင့် ဆော်ဒီကလပ်အသင်းတာဝန်ရှိသူတွေက လာမယ့်နွေရာသီမှာ ဆော်ဒီနိုင်ငံတွင် ကျင်းပမယ့် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်မှာ ဆာလတ် လို ပုံရိပ်မြင့်ကစားသမားတစ်ယောက်ကို ခေါ်ယူနိုင်ရေးအတွက် မက်လောက်ဖွယ် လုပ်ခလစာနဲ့ ခေါ်ယူနိုင်ဖို့ပြင်ဆင်နေခဲ့တာပဲဖြစ်ပါတယ်။ ဆာလတ် ဟာ ဒီရာသီမှာ လီဗာပူးလ် အသင်းအတွက် အထူးခြေစွမ်းပြလျက်ရှိနေပြီး ပရီးမီးယားလိဂ်သွင်းဂိုး ၁၈ ဂိုးသွင်း၊ ဖန်တီးမှု ၁၃ ကြိမ်နဲ့ ဂိုးသွင်းဘုရင်ဆုအတွက်ရော ဖန်တီးမှုဘုရင်ဆုအတွက်ပါ ထိပ်ဆုံးမှာ ရှိနေတာ ဖြစ်ပါတယ်။ (NVS 008)