“ဂါနာချို မန်ယူမှာ ဆက်ရှိမယ်လို့ဆိုတဲ့ အမ်မိုရင်”

17 Jan

စီးရီးအေကလပ် နာပိုလီအသင်းရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ တောင်ပံတိုက်စစ်ကစားသမား ဂါနာချိုရဲ့ အနာဂတ်ဟာ မန်ယူအသင်းမှာပဲ ဆက်ရှိနေမှာ ဖြစ်တယ်လို့ မန်ယူနည်းပြ အမ်မိုရင်က ပြောကြားလိုက်ပါတယ်။ နာပိုလီအသင်းဟာ တောင်ပံကစားသမား ကာဗရာရှခတ်လီယာကို ပီအက်စ်ဂျီအသင်းကို ရောင်းချဖို့ပြင်ဆင်နေပြီး ဂါနာချိုကို အစားထိုးခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ လက်ရှိဘဏ္ဍာရေး အခြေအနေကြောင့်လည်း ဂါနာချို ကို ရောင်းချဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် နည်းပြ အမ်မိုရင်ကတော့ ဂါနာချို က လေ့ကျင့်ရေးကွင်းမှာ တိုးတက်မှုတွေ ရှိလာသလို အရည်အသွေးရှိတဲ့ လူငယ်ကစားသမားလည်း ဖြစ်တာကြောင့် အသင်းက ဆက်ထိန်းထားမှာ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ အသက် ၂၀ အရွယ် ဂါနာချို ဟာ ပြီးခဲ့တဲ့လက မန်စီးတီးအသင်းကို အနိုင်ရတဲ့ပွဲမှာ ကစားသမားစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရပေမယ့် နောက်ဆုံးကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ အက်ဖ်အေဖလားပွဲစဉ်မှာတော့ ပွဲထွက်စာရင်း မှာ ပြန်လည်ပါဝင်ခွင့်ရခဲ့သလို နည်းပြ အမ်မိုရင် ရဲ့ ကစားကွက်အသစ်မှာ ပိုပြီးတော့ အံဝင်လာခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ (NVS 008)

17 Jan

ADVERTISE HERE .