“ရော်နယ်ဒို ကို စံချိန်တင်လစာနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ အယ်လ်နာဆာအသင်း”

16 Jan

ပေါ်တူဂီနာမည်ကျော်တိုက်စစ်မှူးဖြစ်သူ ရော်နယ်ဒို ဟာ လက်ရှိကလပ်အသင်းဖြစ်တဲ့ အယ်လ်နာဆာ အသင်းနှင့် ၂၀၂၆ ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်း တစ်နှစ်တိုးမြှင့်ရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၃ ဇန်နဝါရီလမှာ မန်ယူအသင်းမှ အယ်လ်နာဆာအသင်းသို့ နှစ်နှစ်ခွဲ စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့သူ ရော်နယ်ဒို ရဲ့ လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် သက်တမ်းကုန်ဆုံးမှာ ဖြစ်တယ်လို့ သိရပါတယ်။ စာချုပ်မှာ ပါဝင်သော တစ်နှစ်သက်တမ်းတိုးခွင့်ရှိတဲ့အချက်ကို နှစ်ဖက်စလုံးမှ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပါတယ်။ လာမယ့် ဖေဖော်ဝါရီလမှာ အသက် ၄၀ နှစ်ပြည့်မယ့် ရော်နယ်ဒို အနေနဲ့ စာချုပ်သစ်မှာလည်း တစ်နှစ်ယူရို သန်း ၂၀၀ (ဒေါ်လာ ၂၀၄ သန်း) ရရှိမှာဖြစ်ပါတယ်။ ပေါ်တူဂီမီဒီယာ A Bola က ရော်နယ်ဒို ရဲ့စာချုပ်သစ်က လက်မှတ် ထိုးကြေး၊ ပုံရိပ်မူပိုင်ခွင့်များပေါ်မှာ မူတည်ပြီး ယူရိုသန်း ၂၀၀ ထက်ပင် ပိုနိုင်ခြေရှိတယ်လို့ သိရပါတယ်။ (NVS 008)

16 Jan

ADVERTISE HERE .