“Fury အဖွဲ့အစည်းက ချီးမြှင့်တဲ့ Hall of Fame ဆုကိုရရှိခဲ့တဲ့ မြန်မာဖိုက်တာ ဂျိုရှုအာဗန်”

16 Jan

မြန်မာဖိုက်တာ ဂျိုရှုအာဗန်အား Fury တိုက်ခိုက်ရေးအဖွဲ့အစည်းက ချီးမြှင့်သည Hall of Fame ဆု ကို ဇန်နဝါရီလ ၁၃ ရက်က ချီးမြှင့်ခဲ့ပါတယ်။ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန် က Fury တိုက်ခိုက်ရေးအဖွဲ့အစည်းမှာ အပျော်တမ်းပွဲများ စတင်ထိုးသတ်ပြီး တဲ့နောက် ပရော်ဖက်ရှင်နယ်ကစားသမားဘဝသို့ ကူးပြောင်းခဲ့သလို ၂၀၂၃ ခုနှစ်မှာ နာမည်ကျော် တိုက်ခိုက်ရေး အဖွဲ့အစည်းဖြစ်သော UFC နှင့် လက်တွဲခွင့်ရခဲ့တာကြောင့် Fury အဖွဲ့အစည်းအနေဖြင့် Hall of Fame ဆုကို ချီးမြှင့်ခဲ့ခြင်းဖြစ်ပါတယ်။ ဂျိုရှုအာဗန် က ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ အပျော်တမ်း MMA ပွဲများထိုးသတ်ခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာတွင် Fury အဖွဲ့အစည်းနှင့် ပရော်ဖက်ရှင် နယ်ကစားသမားဘဝကူးပြောင်းခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာအထိ စုစုပေါင်း ရှစ်ပွဲထိုးသတ်ရာ ခုနစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ Fury မှာ ရလဒ်ကောင်းနေတဲ့ ဂျိုရှုအာဗန် က ၂၀၂၃ ခုနှစ်မှာ UFC နှင့် လက်တွဲခွင့်ရရှိခဲ့ပြီး ၂၀၂၄ နှစ်ကုန်ပိုင်းအထိ ခြောက်ပွဲထိုးသတ်ရာ ငါးပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့ပါတယ်။ ဂျိုရှုအာဗန် က လာမယ့်ပွဲစဉ်များတွင် ထပ်မံအနိုင်ရပါက UFC ဖလိုင်းဝိတ်တန်းတွင် ချန်ပီယံစိန်ခေါ်ပွဲ ထိုးသတ်ခွင့်ရဖွယ်ရှိတယ်လို့ သိရပါတယ်။ (NVS 008)

16 Jan

ADVERTISE HERE .