“တိုက်စစ်မှူး မာလန်း ကို ခေါ်ယူခဲ့တဲ့ အက်စတွန်ဗီလာအသင်း”
16 Jan
ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာအသင်းဟာ ဒေါ့မွန်အသင်းရဲ့ နယ်သာလန်တိုက်စစ်မှူး မာလန်း ကို ပြောင်းရွှေ့ကြေးပေါင် ၁၉ သန်းနဲ့ခေါ်ယူလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် မာလန်းအတွက် အက်စတွန်ဗီလာ အသင်းဟာ ပြောင်းရွှေ့ကြေးအပြင် အပိုဆုကြေး ပေါင် ၂ သန်းခွဲကိုလည်း ထပ်မံပေးရမှာဖြစ်လို့ မာလန်းအတွက် စုစုပေါင်း ပေါင် ၂၁ သန်းခွဲ ကုန်ကျမှာလည်း ဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်းရဲ့ ရည်မှန်းချက်တွေကို သိရှိရပြီးနောက် နည်းပြ အမ်မရီ နဲ့ အတူလက်တွဲ လုပ်ဆောင်ချင်တဲ့အတွက် ဗီလာအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ မာလန်း က အသင်းသစ်နဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။ မာလန်း ဟာ အက်စတွန်ဗီလာအသင်းမှာ ကျောနံပါတ် ၁၇ ကို ဝတ်ဆင်ကစားမှာဖြစ်ပြီး ဒေါ့မွန်အသင်းမှာတုန်းက တွဲကစားခဲ့ဖူတဲ့ နောက်ခံလူ မက်ဆန် ထံကနေ ဗီလာအသင်း အကြောင်းတွေကို သိခွင့်ရခဲ့ပါတယ်လို့ မာလန်း က ပြောကြားခဲ့ပါတယ်။ အက်စတွန်ဗီလာအသင်းဟာ အခုရာသီချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်နိုင်ဖို့အတွက် ပြင်ဆင်နေတာ ဖြစ်ပြီး မာလန်း လို ချန်ပီယံလိဂ် အတွေ့အကြုံရှိ ကစားသမားကို ခေါ်ယူအားဖြည့်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် လူငယ် အသင်းကနေ ထွက်ပေါ်လာခဲ့တဲ့ မာလန်း ဟာ ပြီးခဲ့တဲ့ ရာသီက ဒေါ့မွန်အသင်းအတွက် ၁၃ ဂိုးသွင်းယူပေး ခဲ့သလို ဒေါ့မွန်ကစားသမားဘဝ ပြိုင်ပွဲစုံ ၁၃၂ ပွဲမှာ ၃၉ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၂၀ ပြုလုပ်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ (NVS 008)