“ဂျီးဆပ်စ် ရဲ့ ဒူးအရွတ်ဒဏ်ရာခွဲစိတ်ကုသရမည်”
16 Jan
တိုက်စစ်မှူး ဂျီးဆပ်စ် ရဲ့ဒူးအရွတ်ဒဏ်ရာဟာ ခွဲစိတ်ကုသမှုတွေ ခံယူရတော့မှာ ဖြစ်တယ်လို့ အာဆင်နယ် အသင်းက အတည်ပြုခဲ့ပါတယ်။ ဘရာဇီးတိုက်စစ်မှူး ဂျီးဆပ်စ် ဟာ မန်ယူအသင်းနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဒဏ်ရာကို သေချာစစ်ဆေးပြီးနောက် ဘယ်ဘက်ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ခွဲစိတ်ကုသမှုခံယူရမှာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဂျီးဆပ်စ် ဟာ အခုရာသီမှာ အာဆင်နယ် အသင်းအတွက်ပြိုင်ပွဲစုံ ၂၇ ပွဲ ကစားပေးထားပြီး ၇ ဂိုးသွင်းယူပေးထားတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒဏ်ရာရကစားသမားများရှိနေပြီး အခုလအတွင်းမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပွဲတွေအပြင် ဖေဖော်ဝါရီ လဆန်းပိုင်းမှာလည်း လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။ (NVS 008)
16 Jan