“ဒါဝင်နူးနက်ဇ် ကို တစ်ပတ်လုပ်ခလစာငွေ စတာလင်ပေါင် ၄ သိန်းနဲ့ခေါ်ယူရန် အယ်ဟီလယ်အသင်း ကမ်းလှမ်း”
15 Jan
ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းက လီဗာပူးလ်အသင်းတိုက်စစ်မှူး ဒါဝင်နူးနက်ဇ် ကို တစ်ပတ်လုပ်ခ လစာငွေ စတာလင်ပေါင် ၄ သိန်းနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူး နူးနက် ဟာ လီဗာပူးလ်အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၁၂၂ ပွဲ ကစားပြီး ၃၇ ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် အယ်လ်ဟီလယ်အသင်းက ခေါ်ယူရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ကလည်း လက်ရှိအချိန် အသင်းတာဝန်ရှိသူများနှင့် အဆင်မပြေ ဖြစ်နေတာကြောင့် အသင်းမှ ထွက်ခွာချင်နေတယ်လို့ သိရပါတယ်။ (NVS 008)
15 Jan