“ဂျပန်အားကစား ဝတ်စုံလုပ်ငန်း အမှတ်တံဆိပ် Jogarbola နှင့် မြန်မာဘောလုံးအဖွဲ့ချုပ်တို့ လက်တွဲ"
15 Jan
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က မြန်မာ့လက်ရွေးစင်အသင်းများရဲ့ ဝတ်စုံစပွန်ဆာအဖြစ် ဂျပန်အားကစား ဝတ်စုံလုပ်ငန်း အမှတ်တံဆိပ် Jogarbola နှင့်နှစ်ဖက်သဘောတူညီမှု MoU လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဂျပန်အားကစား ဝတ်စုံလုပ်ငန်း အမှတ်တံဆိပ် Jogarbola က မြန်မာ့လက်ရွေးစင်အမျိုးသား/အမျိုးသမီး အသင်းများ၊ ဖူဆယ်အမျိုးသား/အမျိုးသမီးအသင်းများ၊ လူငယ်သက်တမ်းအလိုက် လက်ရွေးစင်အသင်းများ၊ အကယ်ဒမီများအတွက် အားကစားဝတ်စုံနှင့်အသုံးအဆောင် စပွန်ဆာအဖြစ် ၄ နှစ်တာ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါထုတ်ပြန်မှုအရ Jogarbola သည် ဗီယက်နမ်နိုင်ငံတွင် ထုတ်လုပ်ကာ လက်ရှိ ဗီယက်နမ်လက်ရွေးစင် အသင်းကို ဝတ်စုံစပွန်ဆာပံ့ပိုးပေးထားသော အမှတ်တံဆိပ်တစ်ခု ဖြစ်သလို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ စပွန်ဆာ တစ်ခုဖြစ်တဲ့ Dong Luc ဘောလုံးနှင့် မိသားစုဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် Jogarbola တို့ နှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုပွဲနှင့် ဂျာစီ အသစ် မိတ်ဆက်ပွဲကို မကြာမီကျင်းပ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က Jogarbola နှင့် လက်မတွဲမီက ထိုင်းနိုင်ငံမှ အားကစားဝတ်စုံလုပ်ငန်း တစ်ခုဖြစ်တဲ့ Warrix နှင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ ဝတ်စုံစပွန်ဆာအဖြစ် ၆ နှစ်ကြာ လက်တွဲဆောင်ရွက်ခဲ့ပြီး ပံ့ပိုးကူညီမှုများ အတွက် Warrix ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အလေးအနက်ကျေးဇူးတင်ရှိပြီး လုပ်ငန်းများဆက်လက် အောင်မြင်မှု ရရှိပါစေကြောင်းလည်း ဆုမွန်ကောင်းတောင်းထားပါတယ်။ (NVS 008)