ဩစတြေးလျအိုးပင်းပြိုင်ပွဲမှာ ဒုတိယအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ရာဒူကာနူ

15 Jan

ပြီးခဲ့တဲ့နှစ်အတွင်း နောက်ကျောဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရတဲ့ ဗြိတိန်တင်းနစ်မယ် ရာဒူကာနူဟာ အခုနှစ်ရဲ့ ပထမဆုံး ဂရင်းစလမ်ပြိုင်ပွဲဖြစ်တဲ့ ဩစတြေးလျအိုးပင်းပြိုင်ပွဲမှာတော့ ဒုတိယအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒဏ်ရာက ပြန်လည်သက်သာလာပြီးနောက် ပြိုင်ပွဲအတွက် သေချာပြင်ဆင်လာခဲ့တဲ့ ရာဒူကာနူဟာ အမျိုးသမီး တစ်ဦးချင်း ပထမအဆင့်မှာ ဆီဒင်အဆင့် (၂၆) ရထားတဲ့ ရုရှားတင်းနစ်မယ် အလက်ဇန် ဒရိုဗာနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ပွဲကစားချိန် ၂ နာရီနဲ့ ၁၆ မိနစ်ကြာ အကြိတ်အနယ်ယှဉ်ပြိုင်အပြီးမှာတော့ ရာဒူကာနူက (၇း၆၊၇း၆) ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဒုတိယအဆင့်ကို တက်ရောက်ခွင့်ရသွားခဲ့တာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ရာဒူကာနူ အနေနဲ့ အခုပွဲမှာ အမှားအယွင်းတွေ များခဲ့တယ်ဆိုပေမဲ့ အဆုံးသတ်ရိုက်ချက်တွေ ကောင်းမွန်ခဲ့လို့ အမှတ်တွေရခဲ့ပြီး ပြိုင်ဘက်ကို အခုလိုမျိုး အနိုင်ရခဲ့တာဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်ရဲ့ ပထမဆုံး ဂရင်းစလမ်ပြိုင်ပွဲကို နိုင်ပွဲနဲ့စတင်နိုင်ခဲ့တဲ့ အတွက် ကျေနပ်မိပေမယ့် အခုထက်ပိုကောင်းအောင် ကြိုးစားသွားရဦးမှာဖြစ်တယ်လို့ ပွဲအပြီးမှာ ရာဒူကာနူ က ပြောသွားခဲ့ပါတယ်။ အခုလို ရာဒူကာနူအနိုင်ရတဲ့အတွက် ၂၀၂၅ ဩစတြေးလျအိုးပင်း အမျိုးသားနဲ့ အမျိုးသမီး တစ်ဦးချင်း ပွဲတွေမှာ ဒုတိယအဆင့်ကို ဗြိတိန်ပြိုင်ပွဲဝင် ၅ ဦးအထိ တက်ရောက်လာနိုင်ခဲ့ပြီး ဒါဟာ ဗြိတိန် ကစားသမား အများဆုံးတက်ရောက်နိုင်ခဲ့တဲ့ ယခင်စံချိန်ကို လိုက်မီသွားခဲ့တာလည်း ဖြစ်ပါတယ်။ (NVS 008)

15 Jan

ADVERTISE HERE .