ကုန်ဈေးနှုန်းသတင်း ၁၄.၁.၂၀၂၅
14 Jan
ဇန်နဝါရီလ ၁၄ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်ကျဆင်းနေသလို ထောပတ်ပဲနဲ့ ပဲပုပ်ဈေးတွေလည်း အနည်းငယ် ကျဆင်းလာပါတယ်။ ပဲလွန်းဖြူဈေး အနည်းငယ် တက်လာပြီး ကြက်သွန်ဖြူနဲ့ ကြက်သွန်နီဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ (FAQ/RC) တစ်တင်းကို ၉၇,၃၂၈ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၁၁,၄၇၁ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၁၄၀ ကျပ်ကနေ ၅,၁၇၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၉၂,၈၉၂ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၇၅၀ ကျပ်ကနေ ၆,၄၃၅ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၀၈၀ ကျပ်ကနေ ၄,၇၅၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၆၆၅ ကျပ်ကနေ ၄,၇၅၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၁၃၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၅,၆၁၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၄,၄၂၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၇,၈၃၀ ကျပ်ကနေ ၉,၀၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၆၅၀ ကျပ်ကနေ ၁,၆၇၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၅၀၀ ကျပ်ကနေ ၇,၁၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၅,၇၅၀ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁၄,၀၀ ကျပ်ကနေ ၃,၈၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၁၁,၅၀၀ ကျပ်ကနေ ၁၇,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၅၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၁၃,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၈၀၀ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၆,၅၀၀ ကျပ်၊ ပုစွန်ခြောက်(ရခိုင်ရွှေပုစွန်) တစ်ပိဿာကို ၁၂၀,၀၀၀ ကျပ်ကနေ ၂၀၀,၀၀၀ ကျပ်၊ ငါးကျီးကြပ်တိုက် တစ်ပိဿာ ကို ၇၀,၀၀၀ ကျပ်ကနေ ၉၀,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၄၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၇၃ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၆၆၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၄၃၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၀၇၅ ကျပ်၊ မန္တလေးမှာ ၃,၁၉၀ ကျပ်၊ နေပြည်တော်မှာ ၃,၁၅၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၁၆၀ ကျပ်၊ မန္တလေးမှာ ၃,၂၇၅ ကျပ်၊ နေပြည်တော်မှာ ၃,၂၄၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၇၁၀ ကျပ်၊ မန္တလေးမှာ ၂,၈၂၅ ကျပ်၊ နေပြည်တော်မှာ ၂,၇၉၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၃၄၀ ကျပ်၊ မန္တလေးမှာ ၃,၄၅၀ ကျပ်၊ နေပြည်တော်မှာ ၃,၄၂၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၃၈၀,၀၀၀/-) ငါးဆယ် သုံးသိန်း ရှစ်သောင်း ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၆,၅၂၀,၀၀၀ိ/-) ခြောက်ဆယ် ငါးသိန်း နှစ်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။