“ဝေါ်ကာ က အသင်းကနေ ထွက်ခွာခွင့်တောင်းထားတယ်လို့ဆိုတဲ့ နည်းပြ ဂွါဒီယိုလာ”

14 Jan

နောက်ခံလူ ဝေါ်ကာ က အသင်းတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ပြီးနောက် အသင်းကနေထွက်ခွာဖို့ တောင်းဆို ထားတယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ က ပြောကြားခဲ့ပါတယ်။ အင်္ဂလန်နောက်ခံလူ ဝေါ်ကာ ကို စနေညက ကစားခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အတွက် အသင်းလူစာရင်းမှာ ချန်လှပ်ခဲ့ပြီးနောက် နည်းပြ ဂွါဒီယိုလာ က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းကို ၂၀၁၇ ကတည်းက ရောက်နေခဲ့တဲ့ ဝေါ်ကာ ဟာ နည်းပြ ဂွါဒီယိုလာ တည်ဆောက်ခဲ့တဲ့ မန်စီးတီးတစ်ခေတ်မှာ အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပေမဲ့ အခုရာသီ မန်စီးတီးအသင်းရဲ့ ရလဒ်မတည်ငြိမ်မှုတွေနဲ့ အတူ ဝေါ်ကာရဲ့ စွမ်းဆောင်ရည်ကိုလည်း မေးခွန်းထုတ်မှုတွေရှိလာခဲ့တာ ဖြစ်ပါတယ်။ ဝေါ်ကာ ဟာ ပြည်ပထွက်ကစားဖို့ ဆန္ဒရှိနေတဲ့အတွက် အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အသင်းကနေ ထွက်ခွာခွင့်တောင်းထားတယ်လို့ နည်းပြ ဂွါဒီယိုလာ က ထုတ်ပြောသွားခဲ့တာဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ် ဝေါ်ကာ ဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ၁၈ လ ကျန်ရှိနေသေးပါတယ်။ မန်စီးတီးအသင်းဟာ အခုနှစ်ဇန်နဝါရီအပြောင်းအရွှေ့ ပထမဆုံးလူခေါ်ယူမှုအဖြစ် ပြီးခဲ့တဲ့ရက်ပိုင်းက ဥဇဘက် ကစ္စတန် နောက်ခံလူ ခူဆာနော့ဗ် ကို ပေါင် ၃၃ ဒသမ ၆ သန်းနဲ့ ခေါ်ယူထားသလို နောက်ထပ် အားဖြည့်မှု တွေကိုလည်း ပြုလုပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ (NVS 008)

14 Jan

ADVERTISE HERE .