“အက်ဖ်အေဖလား စတုတ္ထအဆင့် မဲခွဲမှုပြုလုပ်”
14 Jan
အက်ဖ်အေဖလားပြိုင်ပွဲရဲ့ တတိယအဆင့်ပွဲစဉ်အများစု ပြီးဆုံးသွားခဲ့ပြီဖြစ်တာကြောင့် စတုတ္ထအဆင့် မဲခွဲမှုတွေကို ဇန်နဝါရီလ ၁၂ ရက်က ပြုလုပ်ခဲ့ပါတယ်။ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်တွေမှာတော့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေ ထိပ်တိုက်တွေ့ဆုံနေခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။ အာဆင်နယ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်တက်လာနိုင်ခဲ့တဲ့ လက်ရှိ ချန်ပီယံ မန်ယူအသင်းက စတုတ္ထအဆင့်မှာ လက်စတာအသင်းနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ တတိယအဆင့်မှာ ဘရန့်ဖို့ဒ်အသင်းကို အံ့အားသင့်ဖွယ်အနိုင်ရခဲ့တဲ့ ပလိုင်းမောက်အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ စပါးနဲ့ ဗီလာ၊ ချဲလ်ဆီးနဲ့ ဘရိုက်တန်၊ ဘုန်းမောက်နဲ့ အဲဗာတန် တို့က ထိပ်တိုက်တွေ့ဆုံနေကြပြီး အခြားပွဲစဉ်အဖြစ် နော်တင်ဟမ်နဲ့ အိတ်စ်ဆက်တာ၊ နယူးကာဆယ်နဲ့ ဘာမင်ဟမ် တို့ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။ အက်ဖ်အေဖလား၊ စတုတ္ထအဆင့်ပွဲစဉ်တွေကို လာမယ့်ဖေဖော်ဝါရီလ ၈ ရက် စတင်ကစားသွားမှာ ဖြစ်ပါတယ်။(NVS 008)