“နော်တင်ဟမ်က ချန်ပီယံဆုကို မျှော်မှန်းနိုင်တဲ့အသင်းဖြစ်တယ်လို့ဆိုတဲ့ လီဗာပူးလ်နည်းပြ အာနယ်ဆလော့”
14 Jan
လီဗာပူးလ်နည်းပြ အာနယ်ဆလော့က နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို မျှော်မှန်းနိုင်တဲ့ အသင်းတစ်သင်းဖြစ်တယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။ လီဗာပူးလ်အသင်းက ယခုတစ်ပတ်ကြားရက်မှာ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ နော်တင်ဟမ် အသင်းနှင့် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ နော်တင်ဟမ်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား တတိယနေရာမှာ ရောက်ရှိနေတာဖြစ်ပြီး ဒုတိယနေရာမှ အာဆင်နယ်အသင်းနှင့် ရမှတ်တူနေပြီး တစ်ပွဲလျော့ ကစားထားတဲ့ လီဗာပူးလ်အသင်းနှင့် ၆ မှတ်သာ ကွာဟနေတာဖြစ်ပါတယ်။ (NVS 008)
14 Jan