“2025 Adelaide International Scores တင်းနစ်ပြိုင်ပွဲရဲ့ တစ်ဦးချင်းပွဲစဉ်မှာ ချန်ပီယံဆုကို ဖီလစ်အူဂါ အာလီစ်စင်းနှင့် မက်ဒီဆင်ကီး တို့ရရှိ”

13 Jan

ဩစတြေးလျနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိတဲ့ 2025 Adelaide International Scores အမျိုးသား တင်းနစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ကနေဒါတင်းနစ်ကစားသမား ဖီလစ်အူဂါအာလီစ်စင်းက ရရှိခဲ့သလို အမျိုးသမီး တင်းနစ်ပြိုင်ပွဲမှာ မက်ဒီဆင်ကီး က ထိုက်ထိုက် တန်တန် ဆွတ်ခူးရရှိခဲ့ကြပါတယ်။ 2025 Adelaide International Scores တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲအဆင့်မှာ ကနေဒါတင်းနစ်ကစားသမား ဖီလစ်အူဂါအာလီစ်စင်း က အမေရိကန်တင်းနစ်ကစားသမား ဆာဘာစတင်း ကော်ဒါ (Sebastian korda) ကို ၆-၃၊ ၃-၆၊ ၆-၁ နဲ့ အနိုင်ရရှိကာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် တင်းနစ်မယ် မက်ဒီဆင်ကီးက 2025 Adelaide International Scores တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်မှာ ဂျက်ဆီကာ ပီဂူလာ ကို(Jessica Pegula)ကို ၆-၃၊ ၄- ၆၊ ၆-၁ နဲ့ အနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)

13 Jan

ADVERTISE HERE .