“လာမယ့် ဧပြီလမှာ ဆင်နာရဲ့ တားမြစ်ဆေးအမှုကို ကြားနာစစ်ဆေးမည်”
13 Jan
ကမ္ဘာအဆင့် (၁) အီတလီတင်းနစ်သမား ဆင်နာရဲ့ တားမြစ်ဆေးမှုကို လာမယ့် ဧပြီလ ၁၆ ရက်နဲ့ ၁၇ ရက်တို့ မှာ စတင်ကြားနာသွားမယ်လို့ သိရပါတယ်။ ၂၀၂၄ မတ်လအတွင်း တားမြစ်ဆေး စစ်ဆေးမှုတွေမှာ ၂ ကြိမ် ဆေးကျခဲ့တဲ့ ဆင်နာရဲ့အမှုကို လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်က စစ်ဆေးခဲ့ပြီးနောက် ဆင်နာမှာ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့တားမြစ်ဆေး တိုက်ဖျက်မှုအေဂျင်စီက ဆင်နာ ရဲ့ အမှုကို ပြန်လည်စုံစမ်းစစ်ဆေးပေးဖို့ အားကစားဆိုင်ရာ ခုံသမာဓိရုံးကို လျှောက်ထားခဲ့ပြီး လာမယ့် ဧပြီလမှာ ကြားနာမှုတွေ စတင်တော့မှာ ဖြစ်ပါတယ်။ တားမြစ်ဆေးတိုက်ဖျက်မှုအေဂျင်စီကတော့ တားမြစ်ဆေးသုံးစွဲခဲ့တဲ့ ကစားသမားကို ပြစ်ဒဏ်အဖြစ် ၁ နှစ်ကနေ ၂ နှစ်အတွင်း ပွဲပယ်ပြစ်ဒဏ်ချမှတ်ဖို့ တောင်းဆိုထားပါတယ်။ ဆင်နာ က အမှားအယွင်းတစ်စုံတစ်ရာကျူးလွန်ထားတာမရှိဘူးလို့ ပြောကြားထားပါတယ်။ ဆင်နာ အနေနဲ့ လက်ရှိမှာ ဩစတြေးလျအိုးပင်းချန်ပီယံဆုကို ကာကွယ်ဖို့အတွက်ပြင်ဆင်နေတာဖြစ်ပါတယ်။ ဆင်နာ ဟာ ပြီးခဲ့တဲ့နှစ်က အင်ဒီးယန်း ဝဲလ်ပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်တုန်းကလည်း ဆေးစစ်မှုမှာ ၂ ကြိမ် ဆေးကျခဲ့ဖူးပါတယ်။ (NVS 008)