ဗင်နီစီးယပ်စ် အားခေါ်ယူရန် ဆော်ဒီပရိုလိဂ် အသင့်ရှိနေ

11 Jan

ဆော်ဒီပရိုလိဂ် တာဝန်ရှိသူများက ရီးရဲလ်မက်ဒရစ်အသင်း တောင်ပံတိုက်စစ်ကစားသမား ဗင်နီစီးယပ်စ် အား လက်ရှိရီးရဲလ်အသင်းမှာ ရရှိနေတဲ့လစာထက် ၁၀ ဆတိုးပေးပြီး ခေါ်ယူရန် အသင့်ရှိနေကြောင်း သိရသည်။ ဆော်ဒီပရိုလိဂ်အနေနဲ့ ပြီးခဲ့တဲ့နွေရာသီကတည်းက ဗင်နီစီးယပ်စ် အား ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး၊ ကမ္ဘာ့စံချိန်တင်လစာတို့ဖြင့် ခေါ်ယူရန် ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဗင်နီစီးယပ်စ် တို့ ချုပ်ဆိုထားတဲ့ စာချုပ်က ၂၀၂၇ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ ဗင်နီစီးယပ်စ် အနေနဲ့ လက်ရှိတွင် ရီးရဲလ်အသင်း၌ တစ်နှစ်လစာငွေ ယူရို ၂၀ ဒသမ ၃ သန်းရရှိနေပြီး ဆော်ဒီ ပရိုလိဂ်က ၎င်းလစာထက် ၁၀ တိုးပေးပြီး ခေါ်ယူလိုနေခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်အသင်းက ဗင်နီစီးယပ်စ် ကို စာချုပ် သစ်ချုပ်ဆိုရန် စီစဉ်နေသော်လည်း ဆော်ဒီလိဂ်က မြင့်မားလွန်းတဲ့ငွေကြေးဖြင့် ကမ်းလှမ်းလာခဲ့ပါက လက်လွှတ် သွားဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါတယ်။(NVS 008)

11 Jan

ADVERTISE HERE .