အာနိုး ကိုခေါ်ယူလိုသည့် အသင်းများတွင် ဘိုင်ယန်မြူးနစ်အသင်းလည်း ပါဝင်လာ
11 Jan
လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးရန် နီးစပ်လျက်ရှိနေကာ အနာဂတ်မရေမရာဖြစ်နေတဲ့ တောင်ပံကစားသမား အာနိုး ကို ခေါ်ယူရန်စောင့်ကြည့်နေသည့် အသင်းများတွင် ဘိုင်ယန်မြူးနစ်အသင်းလည်း ပါဝင်လာခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် အာနိုး ဟာ လီဗာပူးလ်အသင်းအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး အသင်းနဲ့ အတူ ဘောလုံးရာသီတိုင်းမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းနဲ့ အာနိုး တို့ရဲ့ စာချုပ် သက်တမ်းက ယခုနှစ်ဘောလုံးရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်ထိ သက်တမ်းတိုးစာချုပ် ထပ်မံ ချုပ်ဆိုရန် ဆွေးနွေးမှုများ တိုးတက်လာခြင်းမရှိသေးလို့ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖွယ် ရှိနေတာဖြစ်ပါတယ်။ အစောပိုင်းမှာ အာနိုး အနေနဲ့ ရီးရဲမက်ဒရစ်အသင်းနဲ့ သတင်းများထွက်ပေါ်ခဲ့ပြီး ရီးရဲလ်အသင်းက နှစ်ကြိမ်တိုင်ကမ်းလှမ်းမှုကို လီဗာပူးလ်အသင်းက ပယ်ချခဲ့ပြီး စာချုပ်သက်တမ်းတိုးရန် ဆက်လက်ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။ အာနိုး က လီဗာပူးလ်အသင်းမှ ထွက်ခွာခဲ့ပါက ဦးစားပေးအဖြစ် ရီးရဲလ်အသင်းကိုသာ ရွေးချယ်ထား သော်လည်း လက်ရှိတွင် ဘိုင်ယန်မြူးနစ်အသင်းက အင်္ဂလန်အသင်းဖော် ဟယ်ရီကိန်း နဲ့ ဒိုင်ယာ တို့ရဲ့အကူအညီနဲ့ ခေါ်ယူနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရပါတယ်။(NVS 008)