လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့လိုနေတဲ့ ဂူဟီ
11 Jan
ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ နောက်ခံလူ ဂူဟီ အနေနဲ့ လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် နောက်ခံကစားသမား ဂူဟီ ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားသော်လည်း လာမည့်အပြောင်းအရွှေ့ သို့မဟုတ် နွေရာသီအပြောင်းအရွှေ့တွင် အသင်းနဲ့လမ်းခွဲဖွယ် ရှိနေပါတယ်။ နယူးကာဆယ်အသင်းက ဂူဟီ ကို ပြီးခဲ့တဲ့နွေရာသီက သုံးကြိမ်တိုင်တိုင် ကမ်းလှမ်းခံသော်လည်း ခရစ္စတယ်ပဲလေ့စ်အသင်းက ပယ်ချခဲ့သလို ကစားသမားကိုယ်တိုင်ကလည်း ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်ရရှိတဲ့ အသင်းထံကိုသာ ပြောင်းရွှေ့လိုနေခြင်းဖြစ်ပါတယ်။ ယခုအခါ လီဗာပူးလ်အသင်းက ဂူဟီ ကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး သူ့ရဲ့အပြောင်းအရွှေ့က တန်ဖိုး ကြီးမားတဲ့ ပြောင်းရွှေ့မှုဖြစ်လာဖွယ်ရှိနေပါတယ်။ ဂူဟီ အနေနဲ့ ယခုရာသီမှာ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၃ ပွဲကစားထားပြီး ၂ ဂိုးသွင်းယူထားနိုင်ပါတယ်။(NVS 008)