ဂျိုကာရက်ဇ် အားခေါ်ယူပေးရန် မန်ယူအသင်းနည်းပြ တောင်းဆို

11 Jan

မန်ယူအသင်းနည်းပြ အာမိုရင် က လိုအပ်ချက်များရှိနေတဲ့ အသင်းတိုက်စစ်ပိုင်းအတွက် စပို့တင်းလစ္စဘွန်း အသင်းမှ တိုက်စစ်ကစားသမား ဂျိုကာရက်ဇ် ကို ခေါ်ယူပေးရန် အသင်းဘုတ်အဖွဲ့ထံ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ မန်ယူအသင်းဟာ လက်ရှိနည်းပြ အာမိုရင် လက်ထက်မှာလည်း ရလဒ်များဆိုးရွားနေပြီး အသင်းတိုက်စစ် ပိုင်းမှာ သွင်းဂိုးများရယူနိုင်ရန် ရုန်းကန်နေရတဲ့အတွက် ဂျိုကာရက်ဇ် ကိုခေါ်ယူပေးရန် အသင်းဘုတ်အဖွဲ့ထံ တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိမန်ယူအသင်း တိုက်စစ်ပိုင်းတွင် ရက်ရှ်ဖို့ဒ်၊ ဇက်ခ်ဇီး နဲ့ ဟွိုက်လန်း တို့ရှိနေသော်လည်း ဇက်ခ်ဇီး နဲ့ ရက်ရှ်ဖို့ဒ် တို့အနေနဲ့ နည်းပြ အာမိုရင် ရဲ့ ကစားကွက်ပိုင်းမှာ ခြေစွမ်းပြနိုင်ခြင်းမရှိတဲ့အတွက် တိုက်စစ်မှူး ဂျိုကာရက်ဇ် ကို ခေါ်ယူလိုနေခြင်းဖြစ်ပါတယ်။ လက်ရှိစပို့တင်းလစ္စဘွန်းအသင်းနဲ့ ဂျိုကာရက်ဇ်တို့ စာချုပ်သက်တမ်းမှာ ၂၀၂၈ ခုနှစ်အထိကျန်ရှိနေပြီး စာချုပ်ဖျက်သိမ်းကြေးမှာ စတာလင်ပေါင် သန်း ၈၀ ခန့်ရှိကြောင်း သိရပါတယ်။(NVS 008)

11 Jan

ADVERTISE HERE .