“အဲဗာတန်အသင်းမှာ ပြန်လည်မြင်တွေ့ရဖွယ်ရှိနေတဲ့ ဒေးဗစ် မိုရက်စ်”
11 Jan
အဲဗာတန်အသင်းဟာ နည်းပြ ရှောင်ဒိုက်ချ် ကို ထုတ်ပယ်ပြီးနောက်မှာတော့ အသင်းရဲ့နည်းပြဟောင်း ဒေးဗစ်မိုရက်စ် ကို ပြန်လည်ခေါ်ယူခန့်အပ်ဖို့အတွက် သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ နည်းပြ မိုရက်စ် ဟာ အဲဗာတန်ကို ၂၀၀၂ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ကိုင်တွယ်ခဲ့ဖူးပါတယ်။ ၂၀၁၃ ခုနှစ် နွေရာသီမှာတော့ ဆာအဲလက်စ်ဖာဂူဆန်ရဲ့နေရာအတွက် မန်ယူအသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ မအောင်မြင်ခဲ့ဘဲ ဆိုစီဒက်၊ ဆန်းဒါးလန်းနဲ့ ဝက်စ်ဟမ်း တို့ကို ကိုင်တွယ်ခဲ့ပါသေးတယ်။ ဝက်စ်ဟမ်းအသင်းနဲ့အတူ ယူရိုပါကွန်ဖရန့်လိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီး ဒါဟာ သူ့ရဲ့ နည်းပြဘ၀ အအောင်မြင်ဆုံးအခိုက်အတန့်လည်း ဖြစ်ခဲ့ပါ တယ်။ အဲဗာတန်အသင်းနဲ့ မိုရက်စ် တို့ဟာ ၂ နှစ်ခွဲ စာချုပ်ချုပ်ဆိုမယ်လို့ သိရပြီး တန်းဆင်းဇုန်နဲ့ တစ်မှတ်ကွာ အနေအထားက အသင်းကို ဘယ်အဆင့်ထိ ဆွဲတင်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ (NVS 008)