“စူပါဖလားဗိုလ်လုပွဲက ခန့်မန်းရန်ခက်ခဲတယ်လို့ဆိုတဲ့ အန်ဆယ်လော့တီ”

11 Jan

ဘာစီလိုနာအသင်းနဲ့ ကစားရမယ့် စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘယ်အသင်းအနိုင်ရမယ်ဆိုတာ ခန့်မှန်းရခက်တယ် လို့ ရီးရဲလ်နည်းပြ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ ကစားခဲ့တဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ်မှာ မာယော့ကာအသင်းကို ၃ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လာမယ့် တနင်္ဂနွေမှာ ကစားမယ့် စပိန်စူပါဖလား ဗိုလ်လုပွဲမှာတော့ ရီးရဲလ်အသင်းဟာ အစဉ်အလာပြိုင်ဘက် ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကတော့ ဆီမီးဖိုင်နယ်အဆင့်မှာ ဘီလ်ဘာအို အသင်းကို ၂ ဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ ရင်ဆိုင်ရတဲ့ အယ်လ်ကလက်စီကို ပွဲတိုင်းက အမြဲတမ်း ခက်ခဲနေခဲ့သလို ရီးရဲလ်အသင်းကတော့ ဘာစီလိုနာအသင်းထက် ပိုကောင်းတယ်ဆိုတာကို သက်သေပြနိုင်ဖို့ ကြိုးစားသွားမှာပါလို့ ရီးရဲလ်နည်းပြ အန်ဆယ်လော့တီ က ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် စူပါဖလားဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ ဆုံတွေ့ခဲ့ရာမှာ ရီးရဲလ်အသင်းက ၄ ဂိုး၊၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရထားပေမဲ့ အခုရာသီ လာလီဂါ ပထမအကျော့ပွဲအဖြစ် ဘာနေဗျူးကွင်းမှာ ဘာစီလိုနာ အသင်းက ရီးရဲလ်အသင်းကို ၄ ဂိုးပြတ်နဲ့ ပြန်ပြီးအနိုင်ရထားတာဖြစ်ပါတယ်။ (NVS 008)

11 Jan

ADVERTISE HERE .