“ဂရေဟမ်ပေါ်တာ ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တဲ့ ဝက်စ်ဟမ်းအသင်း”

10 Jan

ဝက်စ်ဟမ်းအသင်းက အသင်းရလဒ်ဆိုးများကြောင့် လက်ရှိနည်းပြ လိုပယ်တယ်ဟီ ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်အဖြစ် ဂရေဟမ်ပေါ်တာ ကို ၂ နှစ်ခွဲစာချုပ်ချုပ်ဆိုကာ ခန့်အပ်ခဲ့ကြောင်း အတည်ပြု ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းက ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ပွဲ ၂ဝ ကစားအပြီးမှာ ရမှတ် ၂၃ မှတ်နဲ့ အဆင့် (၁၄) နေရာမှာ ရပ်တည်နေပြီး ရလဒ်များ အလွန်ဆိုးရွားခြင်းကြောင့် နည်းပြ လိုပယ်တယ်ဟီ ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်အဖြစ် နည်းပြ ဂရေဟမ်ပေါ်တာ ကိုခန့်အပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဝက်စ်ဟမ်း အသင်းက လာမယ့်ဇန်နဝါရီလ ၁၁ ရက်မှာ အင်္ဂလိပ်အက်ဖ်အေဖလားပွဲစဉ်အဖြစ် အက်စတွန်ဗီလာ အသင်းနှင့် ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။ (NVS 008)

10 Jan

ADVERTISE HERE .