“2025 ASB Classic Scores တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်သို့ ဂိုင်းရ်မိုဖီ တက်ရောက်”

10 Jan

နယူးဇီလန်နိုင်ငံမှာ ကျင်းပ ပြုလုပ်လျက်ရှိသော အမျိုးသားတင်းနစ်ပြိုင်ပွဲဖြစ်တဲ့ 2025 ASB Classic Scores တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်သို့ ပြင်သစ်တင်းနစ်ကစားသမား ဂိုင်းရ်မိုဖီ တက်ရောက်ခဲ့ပါတယ်။ 2025 ASB Classic Scores တင်းနစ်ပြိုင်ပွဲ ကွာတား ဖိုင်နယ်အဆင့်မှာ ပြင်သစ်တင်းနစ် ကစားသမား ဂိုင်းရ်မိုဖီ ဟာ အာဂျင်တီးနား တင်းနစ်ကစားသမား ဖာကူဒို ဒီယက်စ် အကော့စတာ ကို ၆-၃၊ ၆-၁ ရလဒ်နဲ့ နှစ်ပွဲပြတ် အနိုင်ရရှိကာ ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 2025 ASB Classic Scores တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်မှာ ပြင်သစ်တင်းနစ်ကစားသမား ဂိုင်းရ်မိုဖီ နှင့် အမေရိကန်တင်းနစ် ကစားသမား နာရှာဘာဗရက်တီ တို့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ (NVS 008)

10 Jan

ADVERTISE HERE .