“လေးနိုင်ငံအမျိုးသမီးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဝင်ရောက်ယှဥ်ပြိုင်မည်”

10 Jan

နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့ရှိ Dasharath ကွင်းမှာ ၄ သင်းပတ်လည်စနစ်နဲ့ ယှဉ်ပြိုင်ကစားမည့် လေးနိုင်ငံ အမျိုးသမီးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ဝင်ရောက်ယှဥ်ပြိုင်သွားမယ်လို့ သိရပါတယ်။ အဆိုပါပြိုင်ပွဲမှာ အိမ်ရှင်နီပေါအသင်း၊ မြန်မာအသင်း၊ ကာဂျစ္စတန်အသင်းနှင့် လက်ဘနွန်အသင်းတို့က ဖေဖော်ဝါရီလ ၁၇ ရက်မှ ၂၆ ရက်အထိ ယှဥ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းက ဖေဖော်ဝါရီလ ၁၇ ရက်မှာ လက်ဘနွန်အသင်း၊ ဖေဖော်ဝါရီလ ၂၀ ရက်မှာ ကာဂျစ္စတန်အသင်း၊ ဖေဖော်ဝါရီလ ၂၃ ရက် မှာ အိမ်ရှင်နီပေါအသင်းတို့နှင့်ယှဉ်ပြိုင်ကစားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ၄ သင်းပတ်လည်ယှဥ်ပြိုင်ကစားပြီးချိန်မှာ အမှတ်အများဆုံးရရှိတဲ့ ထိပ်ဆုံးနှစ်သင်းက ဖေဖော်ဝါရီလ ၂၆ ရက်မှာ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ ဂျပန်နိုင်ငံသား နည်းပြချုပ်ဖြစ်သူ ယုကီတက်ဆုရို နှင့်အတူ ပဏာမကစားသမား ၃၂ ဦးနဲ့ လေ့ကျင့်မှုများပြုလုပ်လျက်ရှိပါတယ်။ (NVS 008)

10 Jan

ADVERTISE HERE .