“ကစားသမားဘဝကနေ အနားယူကြောင်းကြေညာခဲ့တဲ့ ဟန်ဂေရီရေကူးမယ် ဟော့စ်ဇူ”
10 Jan
ဟန်ဂေရီရဲ့ သံမဏိအမျိုးသမီးလို့ နာမည်ပြောင်ရရှိထားတဲ့ ရေကူးအားကစားမယ် ကာတင်ကာ ဟော့စ်ဇူ ဟာ အသက် ၃၅ နှစ်အရွယ်မှာပဲ ကစားသမားဘဝက အနားယူကြောင်း ကြေညာခဲ့ပါတယ်။ အိုလံပစ်ချန်ပီယံဆုကို ၃ ကြိမ်အထိရယူထားနိုင်တဲ့ ဟော့စ်ဇူ က လူငယ်မျိုးဆက်သစ်ကစားသမားတွေ တိုးတက်လာဖို့အတွက် ကူညီပေးသွားမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။ အိုလံပစ်ရေကူးပြိုင်ပွဲ တွေမှာ ဟန်ဂေရီနိုင်ငံ ကိုယ်စားပြုအဖြစ် ၅ ကြိမ်အထိပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ဟော့စ်ဇူ ဟာ ၂၀၁၆ ရီယိုအိုလံပစ် ပြိုင်ပွဲတစ်ခုတည်းမှာပဲ ရွှေတံဆိပ် ၃ ခုနဲ့ ငွေတံဆိပ် ၁ ခု ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ အသက် ၅ နှစ်အရွယ်ထဲက ရေကူးအားကစားနည်းကို စတင်လေ့ကျင့်ခဲ့တဲ့ သူမအတွက် ရေထဲမှာပဲ အနေများခဲ့သလို အိမ်တစ်ခုလို ခံစားရတာဖြစ်လို့ အခုလိုမျိုး အနားယူဖို့ ဆုံးဖြတ်ချက်က လွယ်လွယ်နဲ့ ချနိုင်ခဲ့တာ မဟုတ်ပါဘူးလို့ ဟော့စ်ဇူ က ပြောကြားခဲ့ပါတယ်။ ကစားသမားဘဝကနေ အနားယူသွားပေမဲ့ လူငယ်ကစားသမားတွေကို လေ့ကျင့်ပေးတဲ့နေရာမှာ ကူညီမှုတွေ ပြုလုပ်ပေးသွားမှာဖြစ်သလို အတွေ့အကြုံတွေကိုလည်း ဝေမျှပေးသွားမယ်လို့ ဟော့စ်ဇူ က ပြောကြားခဲ့ပါတယ်။ အိုလံပစ်ဆုတံဆိပ်တွေအပြင် ဟော့စ်ဇူ ဟာ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ ရွှေတံဆိပ်ဆု ၉ ခုရရှိထားခဲ့သလို ၂၀၁၅ ခုနှစ်မှာ ဟော့စ်ဇူ တင်ထားခဲ့တဲ့ မီတာ ၂၀၀ ရေကူးပြိုင်ပွဲ ကမ္ဘာ့စံချိန်ကိုလည်း ချိုးဖျက်နိုင်တဲ့သူ မရှိသေးပါဘူး။ (NVS 008)