“ဂါနာချို နှင့် မိန်နူး တို့ကို ရောင်းထုတ်ရန် စဉ်းစားနေတဲ့ မန်ယူအသင်း”
09 Jan
မန်ယူအသင်းက ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနှင့် ရေရှည်တည်တံ့မှုစည်းမျဉ်း (PSR)နှင့် ကိုက်ညီမှု ရှိစေရန်အတွက် အသင်းအကယ်ဒမီထွက် ကစားသမားများဖြစ်တဲ့ ဂါနာချိုနှင့်မိန်နူး တို့ကို ရောင်းထုတ်ရန် စဉ်းစားနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ မန်ယူအသင်းက ပရီးမီးယားလိဂ် PSR စည်းမျဉ်းနှင့် ကိုက်ညီမှုရှိရန် ရုန်းကန်နေရပြီး ယင်းအချက်ကို ပြေလည်စေရန်အတွက် အသင်းကြယ်ပွင့်ကစားသမားများကို ရောင်းထုတ်ရန် စဉ်းစားလာခြင်း ဖြစ်ကြောင်း သိရပါတယ်။ အကယ်ဒမီ ထွက်ကစားသမားများကို ရောင်းချပါက အကျိုးအမြတ် ၁၀၀ ရာခိုင်နှုန်း ရရှိမှာ ဖြစ်ပြီး ဂါနာချိုနှင့် မိန်နူးတို့၏ နှစ်ဦးပေါင်း တန်ဖိုးမှာ ပေါင်သန်း ၇၀ ရှိကြောင်း သိရပါတယ်။ ဂါနာချိုနှင့် မိန်နူး တို့က မန်ယူအကယ်ဒမီထွက် ကစားသမားများဖြစ်ပြီး နည်းပြသစ် အာမိုရင်မ်လက်ထက်မှာ ၃-၄-၃ ကစားကွက်နှင့် အံဝင်ရန်ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် မန်ယူအသင်းက PSR စည်းမျဉ်းနှင့် ကိုက်ညီရန် လစာများစွာ ပေးချေနေရတဲ့ ကက်စီမီရို၊ ရပ်ရှ်ဖို့ဒ်နှင့် အန်တိုနီတို့ကိုလည်း ယခုဇန်နဝါရီတွင် ရောင်းထုတ် ရန် စီစဉ်နေကြောင်း သိရပါတယ်။ (NVS 008)