“နည်းပြသစ် မာရေး နှင့် ဂျိုကိုဗစ် တို့ လေ့ကျင့်မှုများ စတင်ပြုလုပ်”

09 Jan

ဆားဘီးယား တင်းနစ်သမား ဂျိုကိုဗစ် ဟာ ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ နည်းပြသစ် အင်ဒီမာရေး နဲ့ အတူလေ့ကျင့်မှုတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ဂျိုကိုဗစ် ဟာ ၂၀၂၅ မှာ ကစားသမားဘဝ ၂၅ ခုမြောက် ဂရင်းစလမ်ချန်ပီယံဆုကို ရယူနိုင်ဖို့ ရည်မှန်းနေတာဖြစ်ပြီး အနီးစပ်ဆုံးအဖြစ် ဇန်နဝါရီလ ၁၂ ရက်မှာ စတင်မယ့် ဩစတြေးလျအိုးပင်းအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ ဂျိုကိုဗစ် ဟာ ကစားသမားဘဝ ဂရင်းစလမ်ချန်ပီယံဆု ၂၄ ကြိမ်ရယူထားရာမှာ ဩစတြေးလျအိုးပင်း ချန်ပီယံ ဆုက ၁၁ ကြိမ်အထိ ရယူထားနိုင်ခဲ့ပါတယ်။ ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲအပြီးမှာ ကစားသမားဘဝကနေ အနားယူခဲ့တဲ့ အင်ဒီမာရေး ကို ဂျိုကိုဗစ် က နည်းပြသစ်အဖြစ် ခန့်အပ်မှုဟာ အံ့အားသင့်စရာဖြစ်ခဲ့ပေမယ့် ပြိုင်ဘက်ကစားသမား တစ်ယောက်ကို နည်းပြခန့်အပ်မှုက သူ့အတွက် ထူးခြားတဲ့အကျိုးတွေ ဖြစ်စေလိမ့်မယ်လို့ ဂျိုကိုဗစ် က ယုံကြည်နေ ပါတယ်။ ဂျိုကိုဗစ် ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက ဂရင်းစလမ်ပြိုင်ပွဲတွေမှာ အောင်မြင်မှုမရ ဖြစ်ခဲ့ပြီးနောက် ကာလရှည်လက်တွဲလာခဲ့တဲ့ ဝါရင့်နည်းပြ အိုင်ဗီနီစီဗစ်နဲ့ လက်တွဲမှုကို အဆုံးသတ်ခဲ့ပါတယ်။ မဲလ်ဘုန်းပါ့ခ် မှာ ဂျိုကိုဗစ် နဲ့ မာရေး တို့ အတူလေ့ကျင့်နေတဲ့ ပုံရိပ်တွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပြီးနောက် ပရိသတ်စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာခဲ့ပြီး ဩစတြေးလျအိုးပင်းချန်ပီယံဖြစ်မယ့် ကစားသမားတွေထဲမှာ ဂျိုကိုဗစ် ကို ထည့်သွင်းလာခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

09 Jan

ADVERTISE HERE .