“PSG တိုက်စစ်ကစားသမား လီကန်အင် ကို စိတ်ဝင်စားနေတဲ့ မန်ယူအသင်းနှင့် နယူးကာဆယ်အသင်း”
08 Jan
PSG အသင်းရဲ့ တောင်ကိုရီးယားတိုက်စစ်ကစားသမား လီကန်အင် ကို ပရီးမီးယားလိဂ်ကလပ်များဖြစ်တဲ့ မန်ယူအသင်းနှင့် နယူးကာဆယ်အသင်းတို့က စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ လီကန်အင် က ယခုရာသီ PSG အသင်းမှာ ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရတာကြောင့် အသင်းကနေ ထွက်ခွာ ချင်နေတာဖြစ်ပြီး စပိန်ကလပ် အက်သလက်တီကိုအသင်းက ချိတ်ဆက်မှု လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ PSG အသင်းအနေနဲ့ ယူရိုသန်း ၄၀ ခန့်ရရှိပါက လီကန်အင် ကို လက်လွှတ်ဖွယ်ရှိတယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ လီကန်အင် က ဗလင်စီယာ၊ မာယော့ကာအသင်းများမှာ ကစားခဲ့ဖူးပြီး ၂၀၂၃ ခုနှစ်နွေရာသီမှာ PSG အသင်းသို့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ (NVS 008)
08 Jan