“ချက်ဂိုးသမား ကင်စကီ ကို ခေါ်ယူနိုင်ခဲ့တဲ့ စပါးအသင်း”

07 Jan

ဇန်နဝါရီလအပြောင်းအရွှေ့မှာ စပါးအသင်းဟာ ဆလားဗီးယားပရက်ဂ် ဂိုးသမား ကင်စကီကို ခေါ်ယူနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းကို ၄ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်ကတည်းက အသင်းရဲ့ အဓိကဂိုးသမား ဗီကာရီယို ဒဏ်ရာရခဲ့တာကြောင့် စပါးအသင်းက ဂိုးသမားသစ်တစ်ယောက် ခေါ်ယူဖို့အတွက် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ ဂိုးသမားကင်စကီဟာ စပါးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်းခွဲနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုနိုင်ခဲ့တာြဖစ်ပါတယ်။ ဂိုးသမား ကင်စကီ ဟာ အခုဘောလုံးရာသီမှာ ဆလားဗီးယားပရက်ဂ်အသင်းအတွက် ၂၉ ပွဲကစားခဲ့ပြီး Clean Sheet ၁၄ ပွဲအထိ လက်စွမ်းပြနိုင်ခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ (NVS 008)

07 Jan

ADVERTISE HERE .