အတ္တလန္တာအသင်းရဲ့နောက်ခံလူ ဂေါ့ဖရေးကို အငှားနဲ့ခေါ်ယူခဲ့တဲ့ အစ်ဆွစ်အသင်း

07 Jan

ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့ အစ်ဆွစ်အသင်း ဟာ ဇန်နဝါရီဈေးကွက်မှာ အသင်းရဲ့ ပထမဆုံးခေါ်ယူမှုအဖြစ် အတ္တလန္တာအသင်းရဲ့ နောက်ခံလူ ဂေါ့ဖရေး ကို ရာသီကုန်အထိ အငှားနဲ့ခေါ်ယူလိုက် ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဂေါ့ဖရေးဟာ ပြီးခဲ့တဲ့နွေရာသီကမှ အဲဗာတန်အသင်းကနေ အတ္တလန္တာအသင်းကို ပေါင် ၁၀ သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့ခဲ့ပြီး ပွဲချိန် ၂၂ မိနစ်သာ ကစားခွင့်ရရှိခဲ့တာကြောင့် ပွဲထွက်ခွင့်ရရှိနိုင်မယ့် ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အသင်းဖော်သစ်တွေနဲ့ တွေ့ဆုံဖို့ အတွက် မစောင့်နိုင်အောင် ဖြစ်ရသလို အသင်းသစ်အတွက်လည်း အကောင်းဆုံးကြိုးစားပေးသွားမယ်လို့ ဂေါ့ဖရေးက ပြောကြားထားပါတယ်။ ဂေါ့ဖရေးဟာ ပြီးခဲ့တဲ့တနင်္ဂနွေညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဖူလ်ဟမ်အသင်းနဲ့ အစ်ဆွစ်အသင်းတို့ ၂ ဂိုးစီ သရေကျတဲ့ပွဲကို ပွဲကြည့်စင်ပေါ်ကနေ လာရောက်ကြည့်ရှုခဲ့တာဖြစ်ပြီး အသင်းကို တန်းဆင်းဇုန်ကနေ လွတ်မြောက် အောင် ကြိုးစားပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားထားပါတယ်။ အတ္တလန္တာအသင်းကို မပြောင်းရွှေ့ခင် ဂေါ့ဖရေးဟာ အဲဗာတန်အသင်းရဲ့ခံစစ်မှာ အဓိကကစားသမားဖြစ်ခဲ့ပြီး အဲဗာတန်အသင်းအတွက် ၃ နှစ်ကျော်အတွင်း ၉၃ ပွဲအထိ ကစားပေးခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

07 Jan

ADVERTISE HERE .