“ယူနိုက်တက်ဖလား တင်းနစ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အမေရိကန်အသင်း”

07 Jan

ဩစတြေးလျနိုင်ငံ ဆစ်ဒနီ မြို့မှာ ကျင်းပခဲ့တဲ့ ၂၀၂၅ ယူနိုက်တက်ဖလား တင်းနစ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် အမေရိကန်အသင်းနဲ့ ပိုလန်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး အမေရိကန်အသင်းက ယူနိုက်တက်ဖလားကို သိမ်းပိုက် နိုင်ခဲ့ပါတယ်။ အဆိုပါဗိုလ်လုပွဲမှာ အမေရိကန်အသင်းနဲ့ ပိုလန်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသမီးတစ်ဦးချင်းပွဲစဉ်မှာ ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ် ကို အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ် က အနိုင်ရခဲ့တာကြောင့် ယူနိုက်တက်ဖလား အသင်းလိုက်တင်းနစ် ချန်ပီယံဆု ကို အမေရိကန်အသင်း ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဗိုလ်လုပွဲရဲ့ အမျိုးသားတစ်ဦးချင်းပွဲစဉ်မှာတော့ အမေရိကန်အသင်းသား တိုင်လာဖရစ်ဇ် က ပိုလန်အသင်းသား ဟာကက်ဇ်ကို ၆း၄၊ ၅း၇၊ ၇း၆ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် တတိယပွဲစဉ်ဖြစ်တဲ့ နှစ်ယောက်တွဲပွဲကို ဆက်လက် ယှဉ်ပြိုင်ဖို့ မလိုတော့ဘဲ ၂ ပွဲပြတ်အနိုင်ရထားတဲ့ အမေရိကန်အသင်းက ချန်ပီယံဆုကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

07 Jan

ADVERTISE HERE .