“ပီအက်စ်ဂျီအသင်းမှ ထွက်ခွာသွားဖွယ်ရှိနေတဲ့ နူနိုမန်ဒက်စ်”

06 Jan

နောက်ခံကစားသမား နူနိုမန်ဒက်စ် က လက်ရှိအချိန် ပီအက်စ်ဂျီအသင်းနှင့် စာချုပ်ကိစ္စ အဆင်မပြေမှုကြောင့် အသင်းမှ ထွက်ခွာသွားဖွယ်ရှိနေပါတယ်။ အသက် ၂၂ နှစ်အရွယ်ရှိ နောက်ခံကစားသမားကို လက်ရှိအချိန်မှာ မန်ယူအသင်း အပါအဝင် ဥရောပကလပ် အသင်းများစွာက ခေါ်ယူရန် စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ နောက်ခံကစားသမား နူနိုမန်ဒက်စ် က ပီအက်စ်ဂျီအသင်း ၂၀၂၅ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၉၉ ပွဲကစားပြီး သွင်းဂိုး ၄ ဂိုးသွင်းယူပေးကာ ခြေစွမ်းပြသထားပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီအသင်းမှ ထွက်ခွာသွားဖွယ်ရှိနေသော နူနိုမန်ဒက်စ် ကို မည်သည့်အသင်းက ခေါ်ယူသွားနိုင်မည်လဲဆိုတာကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ (NVS 008)

06 Jan

ADVERTISE HERE .