“ASB Classic တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဒဏ်ရာကြောင့်ထွက်ခွာခဲ့ရတဲ့ အိုဆာကာ”

06 Jan

နယူးဇီလန်နိုင်ငံ၊ အော့ကလန်မြို့မှာ ကျင်းပခဲ့တဲ့ ASB Classic တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ဂျပန်တင်းနစ် မယ် အိုဆာကာ နှင့် ဒိန်းမတ်တင်းနစ်မယ် တော်ဆန် တို့ယှဉ်ပြိုင်ကစားခဲ့ရာ အိုဆာကာ က ပွဲကစားနေရင်း ဒဏ်ရာရရှိ ခဲ့တဲ့အတွက် တော်ဆန်က ချန်ပီယံဆုကို ဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။ အိုဆာကာ က ပထမပွဲငယ်မှာ တော်ဆန် ကို အနိုင်ရထားပေမယ့် ကြွက်သားဒဏ်ရာ ရရှိခဲ့တာကြောင့် ဆက်လက်ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ အနားယူရန် ဆုံးဖြတ်လိုက်တဲ့အတွက် တော်ဆန် က ချန်ပီယံဆုကို ဆွတ်ခူးခဲ့တာဖြစ် ပါတယ်။ ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့ အိုဆာကာအနေနဲ့ မည်သည့်ကာလအထိ အနားယူ ရမည်ကို မသိရသေးဘဲ ဩစတြေးလျပြိုင်ပွဲအမီ ပြန်ကစားနိုင်ရန် မျှော်လင့်နေကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)

06 Jan

ADVERTISE HERE .