“The Sentry ပြိုင်ပွဲအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဂျပန်ကစားသမား မက်ဆူယာမာ”
06 Jan
အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်းမှာ ကျင်းပနေတဲ့ The Sentry ဂေါက်သီးရိုက်ပြိုင်ပွဲ တတိယနေ့အပြီးမှာ ဂျပန် ဂေါက်သီးရိုက်ကစားသမား မက်ဆူယာမာ က စုစုပေါင်းသတ်မှတ် ရိုက်ချက်ထက် ၂၇ ချက်လျော့ရိုက်ကာ အမှတ်ပေး ဇယားကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ အမေရိကန် ဂေါက်သီးရိုက် ကစားသမား မိုရီကာဝါ က စုစုပေါင်းသတ်မှတ်ရိုက်ချက်ထက် ၂၆ ချက် လျော့ရိုက် ကာ အမှတ်ပေးဇယား၏ ဒုတိယနေရာမှာ ရပ်တည်နေပြီး ဘယ်လ်ဂျီယံဂေါက်သီးရိုက် ကစားသမား ဒက်ထရိုင် က စုစုပေါင်းသတ်မှတ်ရိုက်ချက်ထက် ၂ ချက်လျော့ရိုက်ကာ အမှတ်ပေးဇယားရဲ့တတိယနေရာမှာ ရပ်တည်လျက်ရှိပါတယ်။ ဒါ့အပြင် မက်ဆူယာမာ ဟာ The Sentry ဂေါက်သီး ရိုက်ပြိုင်ပွဲသက်တမ်းတစ်လျှောက် ပြိုင်ပွဲရက် တစ်ရက် အတွင်း Birdies အများဆုံးရရှိသည့် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ (NVS 008)
06 Jan