“သရေတစ်မှတ်ကို ခွဲယူခဲ့ကြရတဲ့ လီဗာပူးလ်အသင်းနှင့် မန်ယူအသင်း”
06 Jan
ပြီးခဲ့တဲ့ တနင်္ဂနွေညက ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးလ်အသင်းနှင့် မန်ယူအသင်းတို့ ပွဲစဉ်မှာ တစ်ဖက် ၂ ဂိုးစီနဲ့ သရေရလဒ်ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အခုပွဲစဉ်ဟာ ဆောင်းရာသီပွဲကြပ်ကာလမှာ ရမှတ်တွေ အလိုရှိနေကြတဲ့ အသင်းနှစ်သင်းထိပ်တိုက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အိမ်ရှင် လီဗာပူးလ်အသင်းဟာ အမှတ်ဇယားထိပ်ဆုံးမှာ တစ်ပွဲလျော့ ရမှတ် ၄၅ မှတ်နဲ့ ဦးဆောင်နေတာ ဖြစ်ပြီး မန်ယူအသင်းကလည်း နောက်ဆုံး ၅ ပွဲမှာ ရှုံးနိမ့်ထားခဲ့လို့ အမှတ်ဇယားအဆင့် (၁၄) မှာ ရောက်ရှိနေတာကြောင့် ရမှတ်တွေ အသီးသီးလိုအပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်အခုပွဲစဉ်မှာ နှစ်ဖက်အသင်းက အကောင်းဆုံးပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး အိမ်ရှင်လီဗာပူးလ်အသင်းက မန်ယူအသင်းကို ဖိအားပေးကစားထားနိုင်ခဲ့ပြီး ပထမပိုင်းမှာ ဂိုးမရှိသရေရလဒ် ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း ၅၂ မိနစ်မှာတော့ မာတီနက်ဇ် က မန်ယူအသင်းအတွက် ဦးဆောင်ဂိုး ရယူနိုင်ခဲ့ပါတယ်။ ပွဲချိန် ၅၉ မိနစ်မှာ ဂတ်ပို က ချေပဂိုးသွင်းယူနိုင်ခဲ့သလို ပွဲချိန်မိနစ် ၇၀ မှာ ဆာလတ် က လီဗာပူးလ်အသင်းအတွက် ပင်နယ်တီမှတစ်ဆင့် ဦးဆောင်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန်မိနစ် ၈၀ မှာတော့ လူငယ်ကစားသမား အာမတ် က မန်ယူအသင်းအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့တာကြောင့် သရေရလဒ်ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)