အသင်းအတွက် ကစားသမားသစ်တွေခေါ်ယူဖို့ လိုအပ်ကြောင်းပြောခဲ့တဲ့ နည်းပြ ပိုစတီကိုဂလူး

04 Jan

စပါးအသင်းနည်းပြ ပိုစတီကိုဂလူး က လာမည့်ဇန်နဝါရီလတွင် ကစားသမားသစ်များ ခေါ်ယူရန်လိုအပ် နေကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိတွင် စပါးအသင်းမှာ အဓိကကစားသမားများဖြစ်တဲ့ ဂိုးသမား ဗစ်ကာရီယို၊ နောက်ခံကစားသမားများ ဖြစ်တဲ့ ဗန်ဒီဗန် နဲ့ ရိုမဲရိုး တို့ ဒဏ်ရာရနေပြီး အသင်းမှာလည်း ရလဒ်များဆိုးရွားနေတာဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ ပိုစတီကိုဂလူး က လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် လူအင်အားဖြည့်တင်းမှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း ပြောကြားခဲ့ပါတယ်။ ပိုစတီကိုဂလူး က ဇန်နဝါရီမှာ ကစားသမားသစ်တွေ ခေါ်ယူဖို့စီစဉ် နေပြီး နေရာနှစ်နေရာမှာ လူအင်အားဖြည့်တင်းရန် လိုအပ်ကြောင်းဆက်လက်ပြောကြားခဲ့ပါတယ်။(NVS 008)

04 Jan

ADVERTISE HERE .