ကုန်ဈေးနှုန်းသတင်း ၂.၁.၂၀၂၅
02 Janဇန်နဝါရီလ ၂ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်ကျဆင်းနေသလို ဘိုကိတ်ပဲနဲ့ ကြက်သွန်ဖြူဈေးတွေလည်း အနည်းငယ် ကျဆင်းလာပါ တယ်။ ကြက်သွန်နီ၊ ထန်းလျက်နဲ့ သကြားဈေးတွေ ဈေးငြိမ်နေသလို မန်းကျည်းသီးနဲ့ အာလူးဈေးတွေလည်း ဈေးငြိမ် နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၀၄,၇၈၅ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၁၈,၇၀၃ ကျပ်၊ မတ်ပဲ (Raw) တစ်ပိဿာကို ၅,၄၅၀ ကျပ်ကနေ ၅,၄၈၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၀၁,၂၅၀ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၆၆၅ ကျပ်ကနေ ၆,၄၃၅ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၀၈၀ ကျပ်ကနေ ၄,၅၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၁၃၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၅,၉၆၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၄,၂၅၀ ကျပ်ကနေ ၄,၄၂၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၇,၈၃၀ ကျပ်ကနေ ၈,၆၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၆၆၀ ကျပ်ကနေ ၁,၆၈၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၆၅၀ ကျပ်ကနေ ၇,၁၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၅,၉၆၅ ကျပ်ကနေ ၆,၁၇၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁၄,၀၀ ကျပ်ကနေ ၄,၂၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၁၂,၅၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၅၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၁၃,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၈၀၀ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၅,၀၀၀ ကျပ်၊ ပုစွန်ခြောက်(ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၇၀,၀၀၀ ကျပ်ကနေ ၂၈၀,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၄၀,၀၀၀ ကျပ်ကနေ ၁၄,၀၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာကို ၁၈,၀၀၀ ကျပ်ကနေ ၃၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါ တယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၇၃ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၄၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၂၉၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၀၁၀ ကျပ်၊ မန္တလေးမှာ ၃,၁၂၀ ကျပ်၊ နေပြည်တော်မှာ ၃,၀၉၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၁၂၀ ကျပ်၊ မန္တလေးမှာ ၃,၂၃၀ ကျပ်၊ နေပြည်တော်မှာ ၃,၂၀၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၃၅ ကျပ်၊ မန္တလေးမှာ ၂,၇၅၀ ကျပ်၊ နေပြည်တော်မှာ ၂,၇၁၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၂၆၀ ကျပ်၊ မန္တလေးမှာ ၃,၃၇၅ ကျပ်၊ နေပြည်တော်မှာ ၃,၃၄၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၂၈၀,၀၀၀/-) ငါးဆယ် နှစ်သိန်း ရှစ်သောင်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၆,၁၆၀,၀၀၀ိ/-) ခြောက်ဆယ် တစ်သိန်း ခြောက်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။