“အာနိုး အတွက် ရီးရဲလ်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ လီဗာပူးလ်အသင်း”
02 Janနောက်ခံကစားသမား အာနိုး ကို ခေါ်ယူဖို့အတွက် ရီးရဲလ်အသင်းရဲ့ ကမ်းလှမ်းမှုကို လီဗာပူးအသင်းက ပယ်ချလိုက်တာ ဖြစ်ပါတယ်။ အာနိုး နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ စာချုပ်က လာမယ့် ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပြီး ရီးရဲလ်အသင်းခေါ်ယူချင်တဲ့ ကစားသမားစာရင်းမှာ ထိပ်ဆုံးမှာ ပါဝင်နေတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဘက်က အခုချိန်အထိ အာနိုး ကို စာချုပ်သစ်မချုပ်နိုင်သေးတဲ့အတွက် အာနိုးအနေနဲ့ စည်းမျဉ်းတွေအရ အင်္ဂလန်ပြင်ပအသင်းတွေနဲ့ တွေ့ဆုံဆွေးနွေးခွင့် ရှိသလို အကြိုသဘောတူညီမှုပါ ရယူခွင့်ရှိနေပါတယ်။ ရီးရဲလ်အသင်းကလည်း အာနိုး ကို စာချုပ်ကုန်ချိန် ရောက်မှ အလွတ်နဲ့ခေါ်ဖို့ စီစဉ်ထားပေမယ့် အသင်းရဲ့ ညာနောက်ခံလူ ကာဗာဂျယ် ရဲ့ ဒဏ်ရာအခြေအနေကြောင့် အခုဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ကို ကြိုးစား လာခဲ့တာ ဖြစ်ပါတယ်။ အာနိုး က လီဗာပူးအသင်းကို စွန့်ခွာလိုစိတ်မရှိပေမဲ့ စာချုပ်သစ်အတွက် အသင်းရဲ့ လုပ်ဆောင်ချက်တွေကို အားမရဖြစ်နေတာပါ။ လီဗာပူးအသင်းနည်းပြကတော့ အာနိုး အပါအဝင် စာချုပ်ပြည့် တော့မယ့် ဆာလတ် နဲ့ ဗန်ဒိုက် တို့ကို ဆက်လက်ထိန်းထားနိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ (NVS 003)