ပီအက်စ်ဂျီအသင်းက ဂျွန်ဒူရမ် ကို ယူရို သန်း ၆၀ ဖြင့်ကမ်းလှမ်း
30 Dec
ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းက အက်စတွန်ဗီလာအသင်း တိုက်စစ်မှူး ဂျွန်ဒူရမ် ကို ယူရို သန်း ၆၀ ဖြင့် ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူး ဂျွန်ဒူရမ် ဟာ အက်စတွန်ဗီလာအသင်းနဲ့အတူ ၂၀၂၂-၂၀၂၃ ရာသီမှ လက်ရှိရာသီအထိ ပြိုင်ပွဲစုံ ၇၄ ပွဲကစားပြီး သွင်းဂိုး ၂၀ အထိ သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်းက ဂျွန်ဒူရမ် အတွက် ပီအက်စ်ဂျီအသင်းရဲ့ ကမ်းလှမ်းမှုများကို လက်ခံဆွေးနွေးသွားဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီအသင်းက ဂျွန်ဒူရမ် ကို ဆောင်းရာသီဈေးကွက် အတွင်း ခေါ်ယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။(NVS 008)
30 Dec