ဇန်နဝါရီတွင် ကစားသမားသစ်ခေါ်ယူရန်ရှိကြောင်း ပြောခဲ့တဲ့ နည်းပြ အာတီတာ
30 Dec
အာဆင်နယ်အသင်းနည်းပြ အာတီတာ က တောင်ပံကစားသမား ဆာကာ ဒဏ်ရာရရှိခဲ့ပြီးနောက် ဇန်နဝါရီတွင် ကစားသမားသစ်ကို ခေါ်ယူဖွယ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၁ ရက်မှာကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ ပွဲစဉ်မှာ ဆာကာ အနေနဲ့ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီး ပထမပိုင်း ၂၄ မိနစ်မှာ လူစားလဲခဲ့ရကာ အဆိုပါဒဏ်ရာကြောင့် ရက်သတ္တပတ်များစွား အနားယူရနိုင်ကြောင်း နည်းပြ အာတီတာ က အတည်ပြုပြောကြားခဲ့ပါတယ်။ ဆာကာ အနေနဲ့ ပွဲအပြီးမှာ ကွင်းအတွင်းမှ ချိုင်းထောက်ဖြင့် ထွက်ခွာသွားခဲ့ပြီး ယခုရာသီမှာ တတိယ အကြိမ်မြောက် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)
30 Dec