အသင်းသမိုင်းတစ်လျှောက် ပွဲဦးထွက် ၁၀ ပွဲတွင် ၅ ပွဲရှုံးနိမ့်သည့် နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ မန်ယူနည်းပြ အမိုရင်

29 Dec

မန်ယူအသင်းနည်းပြ အမိုရင် အနေနဲ့ မန်ယူအသင်းသမိုင်းတစ်လျှောက် ပွဲဦးထွက် ၁၀ ပွဲတွင် ၅ ပွဲရှုံးနိမ့်ခဲ့သည့် ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ နည်းပြ အမိုရင် ဟာ မန်ယူအသင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်က အစ်ဝှစ်ချ်အသင်းနဲ့ပွဲစဉ်ကို စတင်တာဝန်ယူကိုင်တွယ်ခဲ့ရာ အဖွင့်ပွဲစဉ်၌ပင် သရေရလဒ်ထွက်ပေါ်ခဲ့ကာ ယူရိုပါလိဂ်ပြိုင်ပွဲတွင် နှစ်ပွဲအနိုင်ရရှိ ခဲ့သော်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် မန်စီးတီးအသင်းနဲ့ အဲဗာတန်အသင်း နှစ်သင်းကိုသာ အနိုင်ရရှိခဲ့ပါတယ်။ အာဆင်နယ်အသင်း၊ နော်တင်ဟမ်အသင်း၊ စပါးအသင်း၊ ဘုန်းမောက်အသင်းနဲ့ ဝုဗ်အသင်းတို့ကို ရှုံးနိမ့်ခဲ့ပြီးနောက် ပွဲဦးထွက် ၁၀ ပွဲတွင် ၅ ပွဲအထိ ရှုံးနိမ်ခဲ့ခြင်းဖြစ်ပါတယ်။ မန်ယူအသင်းအနေနဲ့ ယခုဘောလုံးရာသီတွင် ရလဒ်များဆက်တိုက်ဆိုးရွားနေခဲ့လို့ နည်းပြ တန်ဟတ် ကို ထုတ်ပယ်ပြီး နည်းပြသစ်အဖြစ် အမိုရင် ကို ခန့်အပ်ခဲ့သော်လည်း အသင်းရလဒ်များ ကောင်းမွန်လာခြင်းမရှိဘဲ ရုန်းကန်နေရကာ အမှတ်ပေးဇယားတွင် ရမှတ် ၂၂ မှတ်ဖြင့် အဆင့် ၁၄ တွင် ရပ်တည်လျက်ရှိနေပါတယ်။(NVS 008)

29 Dec

ADVERTISE HERE .